Facebook လူမှုကွန်ယက်စာမျက်နှာတွင် သတင်းများလွှင့်တင်နေခြင်းကိစ္စ

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများသိသင့်သော သတင်းအချက် အလက်များကို ဌာနပိုင် Facebook Page ဖြစ်သော General Administration Department, Myanmar - GAD အမည်ဖြင့် လွှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ယခုအခါ “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)” အမည်ဖြင့် လူမှုကွန်ယက်စာ မျက်နှာပေါ်တွင် CDM လှုပ်ရှားမှုသတင်းများ၊ နိုင်ငံရေးသတင်းများအား လွှင့်တင်နေသည်ကို စိစစ်တွေ့ရှိရပါသည်။ အဆိုပါ Facebook Group သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ တရားဝင်အသုံးပြုသော Facebook Group မဟုတ်ပါကြောင်း၊ အမြန်ဆုံး ဖျက်သိမ်းသွားရန်နှင့် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။