Facility Quarantine Centre ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

(၁၄-၇-၂၀၂၁)ရက်၊ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း သည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ဟိုပန်ခရိုင်၊ ဟိုမြို့နယ်ရှိ ဝဏ္ဏကျော်ထင် စဝ်ခွန်းဆမ်းခန်းမ၌ Facility Quarantine Centre ဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။