Mask တပ်ဆင်ခြင်းမရှိသူများအား ဒါဏ်ငွေကောက်ခံ

(၂၅-၁၁-၂၀၂၀)ရက်၊ (ဝ၉:၃၀)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် COVID-19 စည်းကမ်းထိန်းသိမ်းရေးအဖွဲ့  မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ် ပညာရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပါဝင်သော အဖွဲ့(၂)ဖွဲ့ ခွဲ၍  လူစည်ကားရာနေရာဖြစ်သော ဦးမြတ်စံလမ်း(အာတားလမ်း)နှင့် ဗညား ဒလလမ်း၊ ယုဇနပလာဇာဈေးရှေ့တို့၌ Mask Campaign ပြုလုပ်ခဲ့ရာ Mask တပ်ဆင် ခြင်းမရှိသူများ ဖြစ်သော ကျား(၁၄)၊ မ(၅)ဦး၊ စုစုပေါင်း(၁၉)ဦးတို့အား ဒဏ်ငွေရိုက်ခဲ့ရာ စုစုပေါင်းဒဏ်ငွေ (၃၈၀ဝိ/-)ကျပ် ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။