နေ့စဉ်သတင်း

.

၁။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူများသိသင့်သော သတင်းအချက် အလက်များကို ဌာနပိုင် Facebook Page ဖြစ်သော General Administration Department, Myanmar - GAD အမည်ဖြင့် လွှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
(၂-၂-၂၀၂၁)ရက်၊ (၁၅:ဝ၀)အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက်အတွင်းဆောင်ရွက် ရမည့်လုပ်ငန်းများအား ဆွေးနွေးပြောကြားခြင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၆၂၂)ဦးအား (၁)ဦးလျှင် ငွေကျပ်(၃၀,ဝ၀ဝိ/-)နှုန်းဖြင့်လည်းကောင်း၊ အသက်(၁၀ဝ)နှစ်နှင့်အထက် ဘိုးဘွား(၇)ဦးအား (၁)ဦးလျှင် ငွေကျပ်(၆၀ဝ၀ဝိ/-)နှုန်းဖြင့်လည်းကောင်း အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ (၃)လစာ အတွက် စုစုပေါင်းငွေကျပ်(၁၉၀.၈)သိန်းအား ထောက်ပံ့ပေ
(၁-၂-၂၀၂၁)ရက်၊ (ဝ၈:ဝ၀)အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၃၉၈)သန်းဖြင့်  Prime Aspect Engineering Co; ltd မှ တာဝန်ယူတည်ဆောက်မည့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြင်းခြံ)၌ (၁၃၀'×၆၀')၊ RC(၂)ထပ် အလုပ်ရုံအဆောက်အဦဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့၊  လမ်းဦးစီး ဌာနတို့မှတာဝန်ရှိသူများ စုစုပေါင်းအင်အား(၇)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(၃၁-၁-၂၀၂၁)ရက်၊ (၁၀:ဝ၀)အချိန် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ညောင်ပင်သာကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၁၄၂၆)၊ ဆင်သေကန်ကွင်း၊ ဦးပိုင်အမှတ်(၂၆၇၊ ၂၆၈၊ ၂၆၉၊ ၂၇၀၊ ၂၇၁၊ ၂၇၂၊ ၂၇၃၊ ၂၇၄)၊ ဧရိယာ(၃.၈၆)ဧကနှင့် ဦးပိုင်အမှတ် (၁၉၉/၃၊ ၂၅၆၊ ၂၅၇၊ ၂၅၈၊ ၂၆၃၊ ၂၆၄/ ၁၊ ၂၆၄/၂)၊ ဧရိယာ(၃.၂၂)ဧကတို့အား Leader Textile Co;ltd မှ ချည်ဆေးဆိုးလုပ်ငန်းလုပ်ကိုင်ရန်အတွက် စက်မှုမြေငှားဂရန်လျှောက်ထားလာမှုအပေါ် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီဖြစ်စေရေး ကွင်းဆ
(၂၅-၁-၂၀၂၁)ရက်၊ (၁၅:ဝ၀)အချိန်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူ များနှင့်အတူ မြို့မအရှေ့(ကင်းတားဝန်း)၊ ကွင်းအမှတ်/ အမည် (၄၄၁/ တောင်ဘက် တပ်ကွင်း)၊ မြေအမျိုးအစား-ဆည်မြောင်းမြေ၊ မြေကွက်အမှတ်(၂၇၁/ ၄၁၉)ရှိ မြေဧရိယာ(ဝ.၂၂)ဧကအား  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မြေပြင်အခြေအနေအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 
(၂၅-၁-၂၀၂၁)ရက်၊ (၁၀:၃၅)အချိန်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်အတွင်း COVID-19 ကာကွယ်ဆေးရရှိနိုင်မှုအပေါ်မူတည်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက် (၁၈)နှစ်နှင့်အထက် ဦးစားပေးအုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် အသက်(၁၈)နှစ်နှင့် အထက် လူဦးရေစာရင်းကောက်ယူတင်ပြနိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရုံးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊
(၂၈-၁-၂၀၂၁)ရက်၊ (ဝ၈:၃၀)အချိန်၊ မန္တလေးတိုင်းဒသကြီး၊ မိတ္ထီလာခရိုင်၊ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံးဝန်းအတွင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၂၆၃.၄)သန်းဖြင့် ပစ်တိုင်းအောင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည့် (၈၀×၃၀)ပေ၊ (၄)ထပ် ဝန်ထမ်း အိမ်ရာ အဆောက်အဦးပန္နက်တင်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်အရွေးကောက်ခံကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်‌ ရေးမှူး၊ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့မှ တာဝန်ရှိသူများ စုစုပေါင်းအင်အား(၂၀)ဦး
 ၁။ (၂၈-၁-၂၀၂၁)ရက်၊ (၁၀:ဝ၀)အချိန်၊ ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ် ခဲ့ရာ အစည်းအဝေးတွင် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး အဆိုပါ အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဌာနမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ဦးစီးမှူး၊ သတင်းတပ်ဖွဲ့မှ တာဝန်ရှိ
(၂၇-၁-၂၀၂၁)ရက်၊ (ဝ၉:ဝ၀)အချိန် ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ကုတင်(၅၀)ဆေးရုံ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ထမ်း များအား ပထမအကြိမ် COVID-19 ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊  နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင် (နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်)နှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတို့မှ ကြည့်ရှုအားပေးကြခဲ့ပြီး လိုအပ်သည်များ‌ပေါင်းစပ်ညှိ

Pages