GAD Myanmar
အခြေခံမူများ
နိုင်ငံတော်မူဝါဒ လိုက်နာရေး (Policy) | အခြေခံသဘောတရားနှင့် ကိုက်ညီရေး (Principle) | လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး (Procedure) | ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား။ | အင်တိုက်အားတိုက်လုပ်။ | မှန်မှန်ကန်ကန်ပြော။ | ခိုင်ခိုင်မာမာရပ်တည်။ | ရိုးရိုးသားသား ကျင့်ကြံနေထိုင်ပြောဆို။ | ပြည်သူတွေနှင့် ပြေပြေပြစ်ပြစ် ယဉ်ယဉ်ကျေးကျေးဆက်ဆံ။ |

နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၄) ရပ်

State Roadmap

မှတ်တမ်းဓာတ်ပုံများ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သတင်းများ

သတင်းများအားလုံးကြည့်ရန် →
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ တက်ရောက်
03 Apr, 2026

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၁၀ နာရီတွင် ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ဟားခါးမြို့နယ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ စုစုပေါင်း ၁၄၆ ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲတွင် အစိုးရအလွှဲအပြောင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ညွှန်ကြားချက်များနှင့်အညီကိုယ်စီတာဝန်ကျေပွန်စေရန်နှင့် သတင်းလုံခြုံမှုကို အလေးထားဆောင်ရွက်ရန်စသည့်အချက်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဆင်းရတနာ- ၃ နှမ်းမျိုးများအား ပေါင်ကြီးတင်စနစ်ဖြင့်စမ်းသပ်စိုက်ပျိုးနိုင်ရန် Solar ရေတင်စနစ်ဆောင်ရွက်မှုနှင့် မြေပြုပြင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
03 Apr, 2026

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ဆင်းရတနာ- ၃ နှမ်းမျိုးများအား ပေါင်ကြီးတင်စနစ်ဖြင့်စမ်းသပ်စိုက်ပျိုးနိုင်ရန် Solar ရေတင်စနစ်ဆောင်ရွက်မှုနှင့် မြေပြုပြင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်တွင်(LPCRFDP) Low Pressure Cold Radio-Frequency Discharge Plasma စက်ဖြင့် Plasma treatment ပေးထားသော ဆင်းရတနာ- ၃ နှမ်းမျိုး၊ မကွေးနှမ်းနက် ၂ /၂၀၁၄ နှမ်းမျိုး၊ မကွေးနှမ်းနက် ၁၁/၂၀၂၃ နှမ်းမျိုးများအား ပေါင်ကြီးတင်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုးနိုင်ရန် Solar ရေတင်စနစ် ဆောင်ရွက်မှုနှင့်မြေပြုပြင်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နှမ်းစိုက်ပျိုးသည့်တောင်သူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ချောက်မြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မြို့လယ်သာသနာ့ဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး
03 Apr, 2026

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ချောက်မြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မြို့လယ်သာသနာ့ဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ချောက်မြို့၊ အမှတ်(၁၁)ရပ်ကွက်၊ မြို့လယ်သာသနာ့ဗိမာန်တွင် ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်း၌ ထိခိုက် လွယ်သူများ(သက်ကြီးဘိုးဘွားများ၊ကိုယ်ဝန်ဆောင်များ၊ကလေးသူငယ်များ) အပူရှောင်နိုင်ရေး အပူဒဏ်မှ ကာကွယ်နိုင်ရေးအတွက် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်အချက်များ အသိပညာပေးမှုအခြေအနေနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆောင်ရွက်ပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင် ဦးဆောင်၍ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေး၍ အပူရှောင်လာသူ ၅၅ ဦးအား Royal-D ဓာတ်ဆားထုတ်များနှင့် ရေသန့်ဘူးများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၅၂၂(က)၊ ငွေတောင်အနောက်ကွင်း၊ ဦးတင်မောင်ဝင်း၏လယ်မြေ၌ နွေစပါးစိုက်ပျိုး ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
03 Apr, 2026

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၅၂၂(က)၊ ငွေတောင်အနောက်ကွင်း၊ ဦးတင်မောင်ဝင်း၏လယ်မြေ၌ နွေစပါးစိုက်ပျိုး ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ ခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြောက်တံတိုင်းရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၅၂၂(က)၊ ငွေတောင် အနောက်ကွင်း၊ ဦးတင်မောင်ဝင်း၏လယ်မြေ၌ နွေစပါးစိုက်ပျိုးထားရှိမှုအခြေအနေများအား ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိ ပါသည်။

အသေးစိတ်ဖတ်ရှုရန် →
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ တပ်နယ်ခန်းမတွင် စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့်စစ်သည်များအား ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်
03 Apr, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ တပ်နယ်ခန်းမတွင် စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့်စစ်သည်များအား ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ တပ်နယ်ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁)မှ စစ်သည်များအား ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချပေးခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေး
03 Apr, 2026

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရောင်းချပေးခြင်းရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် QR Code စနစ်ဖြင့် စက်သုံးဆီများရောင်းချပေးခြင်း၊ တရားဝင်လိုင်စင်ရှိသောယာဉ်များအား (Wheel Tax) ပြသသည့်စနစ်ဖြင့် ဆီရောင်းချပေးခြင်း၊ စုံ/ မ စနစ်ဖြင့် ဆီရောင်းချပေးခြင်းနှင့် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် နေ့စဉ်သတ်မှတ်အချိန် အတိုင်း ဆီရောင်းချပေးခြင်းရှိ/ မရှိတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်/ မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →

အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာချက်များ

ကြေညာချက်များအားလုံးကြည့်ရန် →
အသိပေးကြေညာချက်များ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16323 နှင့် ဆုံးဖြတ်ချက်အမှတ် SC/16324 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း

03 Apr, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267မှ ဆုံးဖြတ်ချက်အမှတ် SC/16323 နှင့် ဆုံးဖြတ်ချက်အမှတ် SC/16324 ဖြင့် ထုတ်ပြန်ထားသော လူပုဂ္ဂိုလ်များ၏ စာရင်းများကို သိရှိနိုင်ရေးအတွက် အသိပေးဖော်ပြအပ်ပါသည်။

အသိပေးကြေညာချက်များ

၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းခြင်း

20 Mar, 2026

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေအမှတ် ၁၆/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်၍ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ပါရန် ဖော်ပြအပ်ပါသည်။

အသိပေးကြေညာချက်များ

ကြေညာချက်

04 Mar, 2026

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆောင်ရွက်နိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း(၁)ခုနှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးလုပ်ငန်း(၂)ခုတို့သည် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အပေါ် ပြန်လည်ပြင်ဆင် ရမည့်အချက်များ အကြောင်းကြားခဲ့သော်လည်း နေ့စဉ်ရောင်းချမှုစာရင်းကို တိကျပြည့်စုံစွာ ပြုစု မှတ်တမ်းတင်ရန်ပျက်ကွက်ခြင်း၊ သံသယဖြစ်ဖွယ် ပုံမှန်မဟုတ်သောငွေကြေးလွှဲပြောင်းမှု (Suspicious Transaction Report- STR) နှင့် သတင်းပို့ရန် သတ်မှတ်ငွေပမာဏထက် ကျော်လွန်သောဆောင်ရွက်မှု (Threshold Transaction Report- TTR) များကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit-FIU)သို့ သတင်းပေးပို့ရန်ပျက်ကွက်ခြင်းတို့ကြောင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၇၊ ပုဒ်မခွဲ(ဃ)အရ အသိအမှတ်ပြုမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်းကို (၃)လဆိုင်းငံ့သည့် ကြီးကြပ်အရေးယူမှုကို ဆောင်ရွက်ထားကြောင်း ကြေညာအပ်ပါသည်။

ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များ

အသင်းအဖွဲ့များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းများ အလွဲအသုံးချမခံရစေရေး ညွှန်ကြားချက်

04 Mar, 2026

အသင်းအဖွဲ့များအနေဖြင့် အသင်းအဖွဲ့ပိုင် ငွေကြေးသုံးစွဲမှုကိစ္စရပ်များတွင် ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့ခြင်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက်ဆောင်ရွက်ခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ကြောင်းတစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်းခံရနိုင်သည်ကို သိရှိသတိပြုနိုင်ပါရန် အသိပေးအကြောင်းကြားခြင်း

အသိပေးကြေညာချက်များ

မှတ်ပုံတင်လက်မှတ်ရရှိထားသော အသင်းအဖွဲ့များက လိုက်နာရမည့်သတ်မှတ်ချက်များ

04 Mar, 2026

ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သည် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၀ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မှတ်ပုံတင်လက်မှတ်ရရှိထားသော အသင်း အဖွဲ့သည် မူလရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်ကို ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်ရာတွင်ဖြစ်စေ၊ ကျော်လွန် ဆောင်ရွက်ရာတွင်ဖြစ်စေ ဆောင်ရွက်ရမည့် အချက်များ၊ အသင်းအဖွဲ့ဖျက်သိမ်းခြင်း၊ အသင်းအမည် ပြောင်းလဲခြင်း၊ အသင်းလိပ်စာပြောင်းလဲခြင်းပြုလုပ်လိုပါက လိုက်နာရမည့်အချက်များအား သတ်မှတ်လိုက်သည်။

ဥပဒေ၊ နည်းဥပဒေနှင့် ညွှန်ကြားချက်များ

ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်ထုတ်ပြန်ခြင်း

30 Jul, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့ကောင်စီအဆင့်ဆင့်နှင့် အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်ဥပဒေပုဒ်မ ၁၃၆ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်အား ထုတ်ပြန်လိုက်သည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြေညာချက်

UEC Logo

မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

State Seal Logo

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပါသည်။