သတင်းများ
သတင်းများ
မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ပညာရေးဒီဂရီ ကောလိပ်(မော်လမြိုင်)၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)၊ ပညာညီလာ ခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အခြားဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ စက်တူးမြောင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ စက်တူးမြောင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညွန့်နွယ်၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား ၈၀ ဦးတို့ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မင်းဘူးမြို့၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန် မြင့်မားပြီး သောက်သုံးရေရှားပါးမှုမှကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားပြီး သောက်သုံးရေ ရှားပါးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အမှတ်(၁)ရပ်ကွက်ရှိ ဂါလံနှစ်သိန်းဆံ့ ရေစုကန်၌ ရေစုဆောင်းထားရှိမှုနှင့် မြို့ပေါ်(၄)ရပ်ကွက်သို့ ရေပေးဝေနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာအုပ်စု၌ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားပြီး သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး ခရိုင်၊ တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာအုပ်စု၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားပြီး သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင်လူမှု ကူညီရေးအသင်းတို့မှ ပူးပေါင်း၍ သောက်သုံးရေဂါလံ ၃၀၀၀ ဆံ့ ယာဉ် ၁ စီး၊ ဂါလံ ၁၆၀၀ ဆံ့ မီးသတ်ယာဉ် ၁ စီးတို့ဖြင့် စုစုပေါင်းဂါလံ ၄၆၀၀ အား သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တန့်ယန်းမြို့နယ်၊ အမှတ်(၈)တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း(မန်ကတ်)၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ်(၂၉)သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ တန့်ယန်းခရိုင်၊ တန့်ယန်း မြို့နယ်၊ အမှတ်(၈)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(မန်ကတ်)၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ်(၂၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် အရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၇၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မိုင်းလွေကျေးရွာအုပ်စုရှိ အ.လ.က(မိုင်းလွေ)၌ ကျင်းပပြုလုပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ(မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ) အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုရှိ အ.လ.က(မိုင်းလွေ)၌ ကျင်းပပြုလုပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ(မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ) အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ရမည်းသင်းမြို့၊ မြင်းနားကျေးရွာ အုပ်စု၊ ရွှေနန်းပေါ်ကျေးရွာရှိ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၌ ကျင်းပပြုလုပ်သည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉) တက်ရောက်မည့် သင်တန်းသားများအား ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း ခရိုင်၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်းမြို့၊ မြင်းနားကျေးရွာအုပ်စု၊ ရွှေနန်းပေါ်ကျေးရွာရှိ အမှတ်(၃)စစ်အခြေခံ လေ့ကျင့်ရေးတပ်၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉) တက်ရောက်မည့် မကွေးတိုင်းဒေသကြီးမှ သင်တန်းသား ၁၈၉ ဦးတို့အား ကြိုဆိုပွဲအခမ်းအနားသို့ အမှတ်(၃)စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ ခေတ္တတပ်မှူး ဒုတိယဗိုလ်မှုးကြီး ရဲမြတ်သူနှင့် အရာရှိများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၃၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သဲပြင်စာသင် တိုက်၌ သာသနာ့နွယ်ဝင်စိစစ်ရေးကတ်ကိုင်ဆောင်သည့် ရဟန်းသံဃာတော်များအား (UID)ကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ နေ့လယ် ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သဲပြင်စာသင်တိုက်၌ သာသနာ့နွယ်ဝင်စိစစ်ရေးကတ် ကိုင်ဆောင်သည့် ရဟန်းသံဃာတော်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးမှ(UID)ကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး သံဃာတော်များထံသို့(UID)ကတ်များ ဆက်ကပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းပြဆရာ/ မများ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း(Phase 4)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းပြ ဆရာ/ မများ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း(Phase 4) ပြည်နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သင်တန်းနည်းပြများ၊ သင်တန်းသားဆရာ/ မများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်တံတား(၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ မြေသား တာဘောင်တပ်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ကွန်ကရစ်တံတား(၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ မြေသားတာဘောင်တပ်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်ဦးနှင့် အရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ တက်ရောက်ခဲ့ပြီး သင်တန်းသားများအား အားကစားပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေ ၉,၇၀၀,၀၀၀ိ/- ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သတင်းများ
တိုက်ကြီးမြို့၊ ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ်(၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)၌ ကျင်းပပြုလုပ်သည့် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့၊ ချင်းကုန်းကျေးရွာအုပ်စု၊ အမှတ်(၁) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း(၁)၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်းနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး သင်တန်းသားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကြက်ဥ ၁,၀၀၀ လုံး၊ ကြက်သွန်နီ ၁၀၀ ပိဿာတို့အား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →