← Home
GAD news 20 Nov, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မင်းဘူးမြို့နယ်၊ ကုန်းသာ ကျေးရွာရှိ မွေးမြူရေးခြံများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မင်းဘူးမြို့နယ်၊ ကုန်းသာကျေးရွာတွင် ခြံပိုင်ရှင် ဦးဇော်ဝင်းနိုင်၏ ဒေသနွား ၁၃၀ ကောင်၊ ခြံပိုင်ရှင် ဦးလှခိုင်၏ ဒေသနွား ၁၂၀ ကောင် မွေးမြူထား ရှိမှုနှင့် ခြံပိုင်ရှင်ဦးသိန်းတန်၏ ဆိတ်ကောင်ရေ ၁၄၀ ကောင် မွေးမြူထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးခြံပိုင်ရှင်များအတွက် လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။