← Home
GAD news 20 Nov, 2026

အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အေးဇရပ်ရှိ ဆင်ဖြူမယ် ကျောင်းတိုက်တွင် သံဃာတော်များအား UID ကတ် ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ နေ့လယ် ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ ခရိုင်၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အေးဇရပ်ရှိ ဆင်ဖြူမယ်ကျောင်းတိုက်တွင် သံဃာတော် များအား UID ကတ် ဆောင်ရွက်ပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန် ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး သံဃာတော်များအပါး ၅၀ တို့အား UID ကတ်များ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။