သတင်းများ

သတင်းများ
15 Sep, 2026

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၈ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျီးနီကန်နှင့် ကတင်ကန်တို့ရှိ ဆက်စပ်ဧရိယာများတွင် ရေရှိရေးအတွက် ရေလွှဲဆည်တည်ဆောက်နိုင်ရေးနှင့် ပျော်ဘွယ်မြို့နယ်၊ ကျောက်ဆည်ကန်ရေသိုလှောင် ထားရှိမှုအခြေအနေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြာင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
14 Sep, 2026

မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနားသို့ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိ သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
14 Sep, 2026

လားရှိုးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်များ၏ အကအလှသီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
14 Sep, 2026

ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ (၂)မိုင် ပြည်သူ့ဆေးရုံ၌ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အခမဲ့ခွဲစိတ်ကုသပေးနေမှုအခြေအနေအား ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ (၂)မိုင်ပြည်သူ့ဆေးရုံ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အခမဲ့ခွဲစိတ်ကုသပေးနေမှု အခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်တင့် သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
14 Sep, 2026

မြင်းခြံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့်“ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၊နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အဆင့်“ကျောင်းပြင်ပမူလတန်းပညာရေးလုပ်ငန်း” ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ စုစုပေါင်းအင်အား ၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
14 Sep, 2026

မင်္ဂလာဒုံခရိုင်၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး/ လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဖွင့်ပွဲ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ ခရိုင်၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မြို့နယ် အုပ်ချုပ်ရေးမှူး/ လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများအသင်းဥက္ကဋ္ဌ၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဘုန်းမြတ်သူ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နည်းပြမှူးချုပ်နှင့် နည်းပြအရာရှိများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သင်တန်းသား ၁၂ဝ ဦးနှင့် စုစုပေါင်းအင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
11 Sep, 2026

ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် သိုက်တော(ဘော်) ကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးနှင့်ပါ‌သွားသည့် Pipe Culvert ရေပြွန်တာဘောင် နေရာတွင် ယာယီဘေလီတံတားဆောက်လုပ်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရွှေသင်းကျေးရွာနှင့် သိုက်တော(ဘော်)ကျေးရွာအုပ်စု၌ မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ရေစီးနှင့်ပါ‌သွားသည့် Pipe Culvert ရေပြွန်တာဘောင်နေရာတွင် ယာယီဘေလီ တံတားဆောက်လုပ်ပြီးစီးမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
11 Sep, 2026

မြင်းခြံမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပြည်သူ့အားကစား ကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကိုယ်ပိုင်အထက်တန်းကျောင်းများမှ “မိုးရာသီဘောလုံးပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်၊ နေ့လယ် ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကိုယ်ပိုင်အထက်တန်းကျောင်းများမှ “မိုးရာသီဘောလုံးပြိုင်ပွဲ” ဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/ သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ စုစုပေါင်းအင်အား ၅၇၈ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
11 Sep, 2026

ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၌ ဖွင့်လှစ်ထားရှိသည့် ကံပိုင်တည် OSS ကုန်စစ်ဆေးရေးစခန်း၌ ကုန်ချိန်းကွင်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၁၁ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော် မြို့နယ်၊ မိုင်းနားကျေးရွာ၌ ဖွင့်လှစ်ထားရှိသည့် ကံပိုင်တည် OSS ကုန်စစ်ဆေးရေးစခန်း၌ ကုန်ချိန်းကွင်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပြီး မြေပြင်တွင်ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
11 Sep, 2026

ရေဦးမြို့နယ်၊ မကြီးတောကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပြည်သူများအား မွေးမြူရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ မကြီးတောကျေးရွာ၌ ကျင်းပပြုလုပ်သည့် ပြည်သူများအားမွေးမြူရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းသူရ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ တက်ရောက် ခဲ့ပြီး တိရစ္ဆာန်များကူးစက်ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
11 Sep, 2026

အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် စုပေါင်းရုံး(၅)ထပ်(၁၄၆'x၈၆'x၇၀') အကြီးစားပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရ ခရိုင်၊ အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် စုပေါင်းရုံး(၅)ထပ် (၁၄၆'x၈၆'x၇၀')အကြီးစားပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်း သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနှင့် ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
သတင်းများ
11 Sep, 2026

မရမ်းကုန်းမြို့နယ်၊ MCC ခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲခရိုင်အဆင့်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ MCC ခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ်)ခရိုင်အဆင့်ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒဂုံမြို့သစ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →