သတင်းများ
အစည်းအဝေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်ရှိ တိုင်းဒေသကြီးလွှတ်တော် ရုံးဝင်းအတွင်း တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများခေါ်ယူနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက် နံနက် ၇ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ထိန်သစ်ရပ်ကွက်ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံးဝင်းအတွင်း တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများခေါ်ယူနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
အပြည့်အစုံဖတ်ရန် →
လုံခြုံရေး
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှ တရားမဝင် ဝင်ရောက်ခဲ့ကြသည့် တရုတ်နိုင်ငံသားများအား စစ်ဆေးဖာ်ထုတ်နေမှုကို ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက် နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံ ဖြတ်သန်း၍ မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ တရားမဝင်ဆောက်လုပ်ထားသော ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်းကြောင်းမှ တစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည့် Online လောင်းကစားမှုများနှင့် Online လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၂၀ ဦး ကိုထပ်မံစစ်ဆေးဖော်ထုတ်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်နိုင်ငံခြားသားစုစုပေါင်း ၁၄၃၈၅ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၁၃၂၆၂ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်နိုင်ငံခြားသား ၁၁၂၃ ဦးကို သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
အပြည့်အစုံဖတ်ရန် →
ကျန်းမာရေး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မျက်စိလူနာများအတွက် ကွန်ပျူတာမျက်စိရေချိန်တိုင်း ကိရိယာ(NCT)စက်နှင့်ကင်ဆာ ရောဂါလူနာများအတွက် အလှူငွေများပေးအပ်
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်Covide-19 ရန်ပုံငွေရှာဖွေ စုဆောင်းရေးနှင့်ထောက်ပံ့ကူညီရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး မျက်စိလူနာများအတွက် ကွန်ပျူတာမျက်စိရေချိန်တိုင်း ကိရိယာ(NCT)စက်နှင့် ကင်ဆာရောဂါလူနာများအတွက် အလှူငွေများပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
တရားဥပဒေစိုးမိုးရေး
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့အတွင်းရှိ ကုန်စုံဆိုင်ကြီးများတွင်စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့အတွင်းရှိကုန်စုံဆိုင်ကြီးများတွင်စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်မှု မရှိစေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
လူမှုရေး
ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ ဖာချယ်ကျေးရွာအုပ်စု၊ ဖာချယ်ဘုန်းကြီးကျောင်း၌ ဒေသခံ ပြည်သူများအား တောမီးမရှို့စေရေးအတွက် အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၊ ဖာချယ်ကျေးရွာအုပ်စု၊ ဖာချယ်ဘုန်းကြီးကျောင်း၌ ဒေသခံပြည်သူများအား တောမီးမရှို့စေရေးအတွက် အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများ၏မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
ပညာရေး
ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ်(၄) ရပ်ကွက်နှင့်အမှတ်(၅) ရပ်ကွက်တွင်းရှိ စာသင်ကျောင်းများတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အမှတ် (၄) ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်အတွင်းရှိ စာသင်ကျောင်းများတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းသည် ပြည်နယ် ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
ပညာရေး
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အ.ထ.က (၈) ကျောင်း၌ G-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ အ.ထ.က(၈)ကျောင်း၌ G-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပရာတွင် မေးခွန်း/ အဖြေလွှာများစနစ်တကျ ဆောင်ရွက်ရန်နှင့် ထူးခြားမှုရှိပါကအချိန်နှင့်တစ်ပြေးညီတင်ပြသွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်နှင့်ပမ္မတီးရပ်ကွက်ကြားရှိ ရေကြည်ချောင်းရေထိန်းတံခါးပေါက် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်နှင့်ပမ္မတီးရပ်ကွက်ကြားရှိ ရေကြည်ချောင်းရေထိန်းတံခါးပေါက် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့်ကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး သတ်မှတ်ကာလအတွင်းအချိန်မီပြီးစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက် သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၈) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ BOC ဆီဆိုင်နှင့် OK ဆီဆိုင်တို့အား စက်သုံးဆီများစနစ်တကျရောင်းချစေရေး ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၈) ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ BOC ဆီဆိုင်နှင့် OK ဆီဆိုင်တို့အား စက်သုံးဆီများစနစ်တကျရောင်းချစေရေး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်လျှပ်စစ်ဦးစီးမှူး၊ မြို့နယ်အခွန်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
ပညာရေး
ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက် ဘုရင့်နောင်မိုးလုံလေလုံ အားကစားကွင်း၌ နွေရာသီအားကစားသင်တန်းများ သင်ကြားပို့ချနေမှုအခြေအနေများကို ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မယ်ဆွယ်မြောက်ရပ်ကွက် ဘုရင့်နောင်မိုးလုံလေလုံအားကစားကွင်း၌ မူလတန်း/ အလယ်တန်း/ အထက်တန်းတွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းမိသားစုဝင် ကျောင်းသား/ကျောင်းသူသင်တန်းသား(၂၅)ဦးအား နွေရာသီအားကစားသင်တန်းများဖြစ်သည့် ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်နှင့် ကရာတေးအားကစား သင်တန်းများ သင်ကြားပို့ချနေမှုအခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
လူမှုရေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့ပေါ်ရပ်ကွက်များသို့ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲစာရင်းများပိုမိုပြည့်စုံစေရေး စာရင်းများတိုက်ဆိုင်စစ်ဆေးနေမှုအား ကွင်းဆင်း စစ်ဆေး
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်၊ နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်း မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲစာရင်းများပိုမိုပြည့်စုံ မှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးတို့အတွက် ရပ်ကွက်များအတွင်း မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစာရင်းဇယားများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့များမှ စာရင်းပြုစုစစ်ဆေး ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →
သာသနာရေး
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြသလွန်စေတီတော်ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည့် မြသလွန်စေတီတော် ဗုဒ္ဓဇယန္တိဗိမာန်တော်ဖွင့်ပွဲနှင့်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်၊ နံနက် ၇ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြသလွန်စေတီတော်ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည့် မြသလွန်စေတီတော်ဗုဒ္ဓဇယန္တိ ဗိမာန်တော်ဖွင့်ပွဲနှင့်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘုရားဖူး ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံဖတ်ရန် →