← Home
GAD news
28 Sep, 2026
မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် သင်ခန်းစာဘာသာရပ်များဆွေးနွေးပို့ချ
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းမှ သင်တန်းသား ၅၃ ဦး တို့အား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာအကြောင်းအရာ များအား ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။