သတင်းများ

ပညာရေး
16 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုနေမှုအခြေအနေအား ကြည့်ရှု စစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ လွိုင်ကော်တက္ကသိုလ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ ပထမနှစ်ဝက် စာမေးပွဲဖြေဆိုနေမှုအခြေအနေအား ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့နှင့်အတူ ကြည့်ရှု အားပေးခဲ့ပြီး တက္ကသိုလ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
16 Mar, 2026

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေး မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများသိုလှောင်ထားပြီး အရောင်းဆိုင် ပိတ်ခြင်းများမဖြစ်ပေါ်စေရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်မှု မရှိစေရေးနှင့် နိုင်ငံတော်ထုတ်ပြန်ချက်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်မှုရှိ/ မရှိတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
16 Mar, 2026

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ကွန်ပျူတာတက္ကသိုလ်ဟောင်း အဆောက်အဦနှင့် မြေနေရာအား ပညာရေးဒီဂရီကောလိပ်သို့ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ ကွန်ပျူတာတက္ကသိုလ်ဟောင်း အဆောက်အဦနှင့် မြေနေရာအား ပညာရေးဒီဂရီကောလိပ်သို့ လွှဲပြောင်း ပေးအပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ကျိုင်းတုံတက္ကသိုလ်ခေတ္တ ပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန် ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
16 Mar, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ ဧရာဝတီမြစ်အတွင်း ဓာတ်သတ္တု(မြစ်သဲ/ မြစ်ကျောက်စရစ်)ထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်းရှိ ဓာတ်သတ္တု(မြစ်သဲ/ မြစ်ကျောက်စရစ်)ထုတ်လုပ်ခွင့်လိုင်စင်ရရှိသော လုပ်ငန်းရှင်များ၏ ဧရာဝတီမြစ်အတွင်း ဓာတ်သတ္တု(မြစ်သဲ/ မြစ်ကျောက်စရစ်)ထုတ်လုပ်နေမှုအပေါ် မြစ်ချောင်းများတိမ်ကောမှုမဖြစ်စေရေးအတွက် လိုင်စင်ခွင့်ပြုချက်နှင့်အညီ သတ်မှတ်ထားသော နေရာ၌သာ စနစ်တကျထုတ်ယူမှု ရှိ/ မရှိတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
အခမ်းအနားများ
15 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ယူပြီးမြောက်ခြင်းအထိမ်းအမှတ်ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သော ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းသင်ယူပြီးမြောက်ခြင်းအထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
လုံခြုံရေး
15 Mar, 2026

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၄၅ ဦး၊ ထိုင်းနိုင်ငံသား ၂ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂ ဦး၊ လာအိုနိုင်ငံသား ၁ ဦး၊ ရုရှားနိုင်ငံသား ၁ ဦး၊ စုစုပေါင်းနိုင်ငံခြားသား ၁၅၅ ဦးအား ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာသံရုံးတာဝန်ခံများထံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး အချက်အလက်များအား စာရင်း ကောက်ယူ၍ ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်/ မြို့နယ်သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်အထိ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားစုစုပေါင်း ၁၄,၅၄၈ ဦးအနက် ၁၃,၃၃၅ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်နိုင်ငံခြားသား ၁,၂၁၃ ဦးကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
အခမ်းအနားများ
15 Mar, 2026

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးကျေးရွာ၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးဒူး - အနောက်စု ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်၊ နံနက် ၈ နာရီ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်၊ အနောက်စုကြီးကျေးရွာ၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဝါးဒူး - အနောက်စု ကွန်ကရစ်လမ်း (၂.၁၄ ဖာလုံ x အကျယ် ၁၂ ပေ x ထု ၇ လက်မ)ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
13 Mar, 2026

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ပုန်ခုန်ကောင်းရပ်ကွက်ရှိ အထက(၁)တနိုင်းစာစစ်ဌာန၌ Grade-12 ကျောင်းသား/ ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှု အားပေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်း မြို့နယ်၊ ပုန်ခုန်ကောင်းရပ်ကွက်ရှိ အထက(၁)တနိုင်းစာစစ်ဌာန၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေး အတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၀ ဦးဖြင့် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
13 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် ပညာရေးဒီဂရီကောလိပ်စတုတ္ထနှစ်သင်တန်းသားများ၏ သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပညာရေးဒီဂရီကောလိပ်စတုတ္ထနှစ် သင်တန်းသားများ၏ သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်း၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
13 Mar, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထိန်သစ်ရပ်ကွက်၌ “နေလင်းရောင်” စာကြည့်တိုက်အဆောက်အဦအသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်၊ နံနက်၈ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်၊ ထားဝယ်မြို့နယ်၊ ထိန်သစ်ရပ်ကွက်၌ “နေလင်းရောင်”စာကြည့်တိုက်အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်းအင်အား ၂၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
13 Mar, 2026

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၂)ရပ်ကွက်ရှိ ကြယ်နီဆန် စက်ရုံ၌ Rice Export Zone ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား အသိပညာပေးခြင်းနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်၊ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ်၊ ကြက်သွန်ခင်း(၂) ရပ်ကွက်ရှိ ကြယ်နီဆန်စက်ရုံ၌ Rice Export Zone ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအား အသိပညာပေးခြင်းနှင့် သွင်းအားစုများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့်အတူ တက်ရောက် ခဲ့ပြီး တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
13 Mar, 2026

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အ.ထ.က(တံတားဦး)စာဖြေဌာန၌ Grade-12 ကျောင်းသား/ ကျောင်းသူများတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်၊ နံနက်၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အ.ထ.က(တံတားဦး)စာဖြေဌာန၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှုအခြေအနေတို့အား ခရိုင်စီမံခန့်ခွဲ‌‌ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →