သတင်းများ

ကျန်းမာရေး
16 Mar, 2026

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအား ကစားသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်၊ နံနက်၈ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
16 Mar, 2026

ရှမ်းပြည်နယ်၊မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့အတွင်း စက်သုံဆီပြတ်လပ်မှုမရှိစေရေးအတွက် စက်သုံးဆီ အရောင်းဆိုင်များ၌ စက်သုံးဆီရောင်းချနေမှုနှင့်စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်၊ နေ့လည် ၃ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့အတွင်း စက်သုံဆီပြတ်လပ်မှုမရှိစေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီ ရောင်းချနေမှုနှင့် စက်သုံးဆီသိုလှောင်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရှရိပါသည်။

အပြည့်အစုံဖတ်ရန် →
ပြည်သူ့ဆက်ဆံရေး
16 Mar, 2026

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့ပေါ်ရှိလမ်းများပေါ်တွင် လမ်းသွားလမ်းလာဒေသခံ ပြည်သူများအား “စက်သုံးဆီချွေတာရေး ဆီစားသက်သာစေဖို့၊ ဒီလိုလုပ်ကြစို့” အသိပညာပေး လက်ကမ်း စာစောင်များဖြန်ဝေ

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့၊ လင်းခေး - ဝမ်ဟတ် - ဟိုမိန်းပြည်ထောင်စုလမ်းနှင့် နမ့်စန် - မိုးနဲ - မိုင်းတုံ - ပြည်ထောင်စုလမ်းပေါ် တစ်လျှောက် လမ်းသွားလမ်းလာဒေသခံပြည်သူများအား “စက်သုံးဆီချွေတာရေး ဆီစားသက်သာ စေဖို့၊ ဒီလိုလုပ်ကြစို့” အသိပညာပေးလက်ကမ်းစာစောင်များကို လူထုလှုပ်ရှားမှုအသွင်ဖြင့် လင်းခေး တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်အတူ အသိပညာပေးလက်ကမ်းစာစောင် မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် ၁၃၅၀ စောင်အား ပြည်သူများလက်ဝယ်သို့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
16 Mar, 2026

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရပ် ရပ်ကွက်၊ အ.ထ.က(ပန်းတောင်း)တွင် Grade - 12 ကျောင်းသား / ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှု အားပေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မင်းရပ် ရပ်ကွက်၊ အ.ထ.က(ပန်းတောင်း)တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် Grade-12 ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေအား ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
16 Mar, 2026

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အထက(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အထက(၁) ပင်လုံသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အထက(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက(၁) ပင်လုံသို့သွားရောက်၍ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေ၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက် ထားရှိမှုအခြေအနေများအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ခရိုင်/မြို့နယ်ပညာရေးမှူးတို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ အထက(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက(၁) ပင်လုံသို့သွားရောက်၍ ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေ၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက် ထားရှိမှုအခြေအနေများအား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူး ၊ ခရိုင်/မြို့နယ်ပညာရေးမှူးတို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပြည်သူ့ဆက်ဆံရေး
16 Mar, 2026

ကယားပြည်နယ်၊ ဘော်လခဲမြို့ရှိ ဖြစ်ပွားခဲ့သည့်ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့ပြီး ဖွင့်လှစ်နိုင်ခြင်းမရှိသည့် ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၄ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့ရှိ ၂၀၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့်ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်ခဲ့ပြီး ဖွင့်လှစ်နိုင်ခြင်း မရှိသည့် မြို့မဈေး၏ဈေးဆိုင်ခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
လူမှုရေး
16 Mar, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ မြို့နယ်အမျိုးသမီးရေးရာရုံး၌ ဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းသို့ သွားရောက်၍ ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ မြို့နယ်အမျိုးသမီးရေးရာရုံး၌ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ၆-၃-၂၀၂၆ ရက်မှ ၁၀-၄-၂၀၂၆ ရက်အထိ ဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသူ ၁၈ ဦးအား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုုပ်ရေးမှူး ဦးခင်မောင်လွင်မှ သွားရောက်တွေ့ဆုံ၍ သင်တန်းအတွက်လိုအပ်သည့် သင်ထောက်ကူပစ္စည်းတန်ဖိုး ၁၈၀၀၀ဝိ/-ကျပ်နှင့် သင်တန်းနည်းပြ ဆရာမများအား ၁၀၀၀၀ဝိ/- ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
16 Mar, 2026

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေး အတွက် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေနုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ များအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဗိုလ်ချုပ်လမ်းအနောက်ဘက်ခြမ်းဘေး ဝဲ/ ယာ (Do Do Mini Mart မှ အောင်ချမ်းသာ ဈေးအထိ) ကွန်ကရစ်လမ်းခင်းခြင်း၊ ရေနုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
16 Mar, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အ.မ.က (အောင်မင်္ဂလာ)(မူလွန်)စာသင်ကျောင်းအား ပြင်ဆင်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း ခရိုင်၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ၂၀၂၆- ၂၀၂၇ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် အ.မ.က(အောင်မင်္ဂလာ)(မူလွန်)စာသင်ကျောင်းအား ပြင်ဆင်နိုင်ရေး ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကို ဦးဆောင်၍ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
16 Mar, 2026

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်း၌ Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်း၌ Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
16 Mar, 2026

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းရှိ အထက(၁) ကျောင်းစာစစ်ဌာန၌ Grade - 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်းရှိ အထက(၁)ကျောင်းစာစစ်ဌာန၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ Grade -12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှု၊ လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
16 Mar, 2026

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၂)၊ (၃)၊ (၄)အခြေခံပညာအထက်တန်းကျောင်းများ၌ Grade - 12 ကျောင်းသား / ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ကြည့်ရှု အားပေး

၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၂)၊ (၃)၊ (၄)အခြေခံပညာအထက်တန်းကျောင်းများ၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်စိတ်အေးချမ်းစွာဖြေဆိုနေမှုအခြေအနေအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ကျိုင်းတုံတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဒေါ်နော်ရုသ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →