← Home
GAD news
17 Jul, 2026
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ နောင်ယားကန်သာ၌ ကျင်းပ ပြုလုပ်သည့် ရေဘေးအန္တရာယ်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ နံနက် ၁၀ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ နောင်ယားကန်သာ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်းရေကြီးရေလျှံမှုနှင့် ရေဘေးအန္တရာယ်များကျရောက်ပါက ကူညီကယ်ဆယ်မှုများအချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အတွက် ရေဘေးအန္တရာယ်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။