← Home
GAD news 28 Sep, 2026

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ နဝရတ်ဘောလုံးကွင်း၌ ကျင်းပ ပြုလုပ်သည့် သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်၊ ညနေ ၃ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်၊ သိမ်ဇရပ်မြို့၊ နဝရတ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူးဖလား မိုးရာသီရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။