← Home
GAD news 30 Sep, 2026

ဘီးလင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်‌သော တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၌ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်‌သော ကျောက်ရေတွင်း- ကံနီလမ်းကတ္တရာခင်းခြင်းလုပ်ငန်း၊ မြို့နယ် လမ်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော ဇုတ်သုတ်- ဇုက္ကလိ-ကန်ရွာ-သိမ်ချောင်းလမ်းကတ္တရာလမ်းသစ်ခင်းခြင်းနှင့် အမာခံပုခုံးခင်းကြိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် ခရိုင်/ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။