GAD Myanmar
အခြေခံမူများ
နိုင်ငံတော်မူဝါဒ လိုက်နာရေး (Policy) | အခြေခံသဘောတရားနှင့် ကိုက်ညီရေး (Principle) | လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး (Procedure) | ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား။ | အင်တိုက်အားတိုက်လုပ်။ | မှန်မှန်ကန်ကန်ပြော။ | ခိုင်ခိုင်မာမာရပ်တည်။ | ရိုးရိုးသားသား ကျင့်ကြံနေထိုင်ပြောဆို။ | ပြည်သူတွေနှင့် ပြေပြေပြစ်ပြစ် ယဉ်ယဉ်ကျေးကျေးဆက်ဆံ။ |

နိုင်ငံတော်ရှေ့လုပ်ငန်းစဉ် (၄) ရပ်

State Roadmap

မှတ်တမ်းဓာတ်ပုံများ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သတင်းများ

သတင်းများအားလုံးကြည့်ရန် →
ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
16 Oct, 2026

ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဗဟိုအဆင့်ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်
16 Oct, 2026

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဗဟိုအဆင့်ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ကြမည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “အောင်သုခ” အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ RC ၂ ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး
16 Oct, 2026

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “အောင်သုခ” အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ RC ၂ ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်၊ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ “အောင်သုခ” အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် RC ၂ ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအခြေအနေအား ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်သည် ခရိုင်/ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပုလဲဧကရီခန်းမ၌ ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
16 Oct, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပုလဲဧကရီခန်းမ၌ ကျင်းပ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပုလဲဧကရီခန်းမ၌ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၁၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ပြီး သောက်သုံးရေရှားပါး/ ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
16 Oct, 2026

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ပြီး သောက်သုံးရေရှားပါး/ ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ သရက်မြို့နယ်၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်တက်ပြီး သောက်သုံးရေရှားပါး/ ပြတ်လပ်မှုမရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ပိုင် ရေပန့်မော်တာများစစ်ဆေးခြင်း၊ သောက်သုံးရေရှားပါး/ ပြတ်လပ်မှုမရှိစေရေးအတွက် ရေပြတ်လပ်နိုင်သည့်ရပ်ကွက်များအား စည်ပင် သာယာရေးအဖွဲ့ပိုင်ရေကား၊ မီးသတ်ကားနှင့် ပုဂ္ဂလိကပိုင်အလှူရှင်ကားများဖြင့် ရေပေးဝေနိုင်ရေး အစီအမံများရေးဆွဲ၍ ဇာတ်တိုက်လေ့ကျင့်မှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်းအင်အား ၂၀ ဦးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →
မတ္တရာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အထက(စလွန်ဖြူ) ကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၃/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
16 Oct, 2026

မတ္တရာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အထက(စလွန်ဖြူ) ကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၃/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အထက(စလွန်ဖြူ)ကျောင်း၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း(၃/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားသို့ အမှတ်(၁)စစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး နိုင်ဝင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား၂၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်ဖတ်ရှုရန် →

အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာချက်များ

ကြေညာချက်များအားလုံးကြည့်ရန် →
အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16446 ဖြင့် ထုတ်ပြန်ထားရှိ

18 Sep, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16446 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည်စာရင်းများ ထုတ်ပြန်ကြေညာခြင်း

အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16435 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည်စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း

03 Sep, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16435 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည်စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16432 နှင့် SC/16433 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း

01 Sep, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16432 နှင့် SC/16433 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

အထွေထွေ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16407 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာခြင်း

17 Jul, 2026

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် 1267 မှ ဆုံးဖြတ်ချက်အမှတ် SC/16407 ဖြင့် ထုတ်ပြန်ထားရှိသည့် လူပုဂ္ဂိုလ်အမည် စာရင်းများအား သိရှိနိုင်ပါရန် ထုတ်ပြန်ကြေညာအပ်ပါသည်။

အထွေထွေ

ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

29 May, 2026

၂၀၂၆-၂၀၂၇ခု၊ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်လုပ်ငန်းများ ဆောက်လုပ်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များ ထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြေညာချက်

UEC Logo

မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့်စပ်လျဉ်းသည့် Website နှင့် Mobile Application တို့ကို လေ့လာဖတ်ရှုနိုင်ပြီဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း

State Seal Logo

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပါသည်။