သတင်းများ

အခမ်းအနားများ
24 Mar, 2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မေခခန်းမတွင် ဝန်ထမ်းမိသားစု၊ သားသမီးများအား သင်ကြားပို့ချမည့် နွေရာသီကာလအင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်၊ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မေခခန်းမတွင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ဝန်ထမ်းမိသားစု၊ သားသမီးများအား သင်ကြားပို့ချမည့် နွေရာသီကာလအင်္ဂလိပ်စာ(မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်)သင်တန်းနှင့် ကွန်ပျူတာ(အလယ်တန်း၊ အထက်တန်းအဆင့်) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့်ဇနီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်နှင့်ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြစ်ကြီးနားတက္ကသိုလ်နှင့် Polytechnic University မှ သင်ကြားရေး ဆရာ/ဆရာမများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
အခမ်းအနားများ
24 Mar, 2026

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးအဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် (၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း ၊ ပြည်နယ်စာရင်းစစ်ရုံးမှတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စုစုပေါင်းအင်အား ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ကျန်းမာရေး
24 Mar, 2026

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှခွင့်ပြုထားသည့် ဆိုလာတပ်ဆင်ထားရှိမှုအခြေအနေနှင့် အကျဥ်းထောင်အတွင်း ရေရရှိမှုအခြေအနေတို့အား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှခွင့်ပြု ထားသည့် အကျဥ်းဦးစီးဌာန၊ လားရှိုးအကျဥ်းထောင်၌ မလိုလားအပ်သော လုံခြုံရေးကျိုးပေါက်မှုများ မဖြစ်ပေါ်စေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်စေရန် ဆိုလာမီး 50 KW တပ်ဆင်နိုင်ရေးလုပ်ငန်းအတွက် ဆက်စပ်ပစ္စည်းများရောက်ရှိမှုအခြေအနေနှင့် ဆိုလာတပ်ဆင်ထားရှိမှု အခြေအနေ၊ အကျဥ်းထောင်အတွင်း ရေရရှိမှုအခြေအနေတို့အား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပြည်သူ့ဆက်ဆံရေး
24 Mar, 2026

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီများ၏ ဆီသိုလှောင်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်၊ နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ADA MANSEA ကုမ္ပဏီနှင့် Divine Energy ကုမ္ပဏီ တို့၏ ဆီသိုလှောင်ထားရှိမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းညွန့်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
အခမ်းအနားများ
24 Mar, 2026

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာ(၃)မိုင်မြို့၊ လူငယ့်အားမာန်သင်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံ သင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်၊ နံနက် ၉ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ မြို့နယ်၊ လပွတ္တာ(၃)မိုင်မြို့၊ လူငယ့်အားမာန်သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၆)ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စုစုပေါင်းအင်အား(၆၀)ဦး နှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပြည်သူ့ဆက်ဆံရေး
23 Mar, 2026

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ကင်ဆားရပ်ကွက်ရှိစက်သုံးဆီအရောင်းဆိုင်များအား မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့မှစစ်ဆေးနေမှုအား ကြီးကြပ်ဆောင်ရွက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၊ ကင်ဆားရပ်ကွက်ရှိ ငွေခြင်္သေ့စက်သုံးဆီအရောင်းဆိုင်တွင် စက်သုံးဆီစစ်ဆေးချက်ပုံစံ(Check List) ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့မှ စစ်ဆေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှု၍ ကြပ်မတ်စစ်ဆေးခဲ့ပြီး လိုအပ်သည်များလမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ပညာရေး
23 Mar, 2026

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား နွေရာသီသင်တန်းများပို့ချနေမှုအခြေအနေအား ကြည့်ရှု အားပေး

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ ကျောင်းသား/ ကျောင်းသူများအား မတ်လ ၁၉ ရက်မှ ၂၅ ရက်အထိဖွင့်လှစ်လျက်ရှိသည့် နွေရာသီသင်တန်း များဖြစ်သော ယဉ်ကျေးလိမ္မာသင်တန်း၊ ကင်းထောက်သင်တန်း၊ အားကစား (ခရစ်ကတ်) သင်တန်းများ ပို့ချနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
လုံခြုံရေး
23 Mar, 2026

မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာရှိ အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ် စစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃)၊ (၃/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ဇရစ်ချောင် ကျေးရွာရှိ အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်စစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃)၊ (၃/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆန်းနိုင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ထွန်းအောင်ကျော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသားများ၊ မိသားစုဝင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ကျန်းမာရေး
23 Mar, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက် မြို့နယ်အားကစားခန်းမ၌ ကျင်းပသည့် (၈၁)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် နွေရာသီအခြေခံအားကစား သင်တန်းဆင်းများ၏ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက် မြို့နယ်အားကစားခန်းမ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသော(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းများ၏အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ တက်ရောက်ခဲ့ပြီး အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
လုံခြုံရေး
23 Mar, 2026

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ် ဦးဆောင်၍ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုးဝေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး သင်တန်းသားများအား ပြည်နယ်အစိုးရအဖွဲ့မှချီးမြှင့်ငွေ(၁၄,၅၀၀,၀၀၀ိ/-)ကျပ်နှင့် တစ်ကိုယ်ရေသုံး ပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

အပြည့်အစုံဖတ်ရန် →
ပညာရေး
23 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းသို့ သွားရောက်၍ ကြည့်ရှုအားပေး

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှကြီးမှူး၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့နှင့်အတူ သွားရောက်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →
ဒေသဖွံ့ဖြိုးရေး
23 Mar, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့ရှိ ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေး အတွက် မင်းကျောင်းကန်သာကန်အမှတ်(၄)နှင့် (၅)တွင် ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ စေရေးစီစဉ်ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့ရှိ ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေးအတွက် မင်းကျောင်းကန်သာကန်အမှတ်(၄)နှင့် (၅)တွင် ကန်ပတ်ဝန်းကျင်နှင့် ရေကန်အတွင်းပလပ်စတစ်အမှိုက်များသန့်ရှင်းရေး၊ ကန်ဘောင်ပတ်လည် ပန်းအလှပင်စိုက်ပျိုးခြင်းနှင့် အမြဲစိမ်းလန်းစိုပြည်စေရေးတို့အတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ တို့အား ပြည်နယ်ဝန်ကြီးချုပ်ဦးစိန်ဦးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းတို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အပြည့်အစုံဖတ်ရန် →