← Home
GAD news 09 Oct, 2026

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်ရှိ စုပေါင်းရုံးရှေ့၌ အပူဒဏ် အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်၊ နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ စျေးချိုရပ်ကွက်ရှိ စုပေါင်းရုံးရှေ့၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် “ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်” ဟူသည့် အသိပညာပေးလက်ကမ်းစာစောင်များအား ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းသည် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ စုစုပေါင်းအင်အား ၅၀ ဦးတို့နှင့်အတူ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်