← Home
GAD news 12 Oct, 2026

မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သဲပြင်စာသင် တိုက်၌ သာသနာ့နွယ်ဝင်စိစစ်ရေးကတ်ကိုင်ဆောင်သည့် ရဟန်းသံဃာတော်များအား (UID)ကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ နေ့လယ် ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ သဲပြင်စာသင်တိုက်၌ သာသနာ့နွယ်ဝင်စိစစ်ရေးကတ် ကိုင်ဆောင်သည့် ရဟန်းသံဃာတော်များအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးမှ(UID)ကတ်များ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး သံဃာတော်များထံသို့(UID)ကတ်များ ဆက်ကပ် ခဲ့ကြောင်း သတင်းရရှိပါသည်။