← Home
GAD news
12 Oct, 2026
မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာ မူလတန်းပြဆရာ/ မများ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း(Phase 4)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းပြ ဆရာ/ မများ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း(Phase 4) ပြည်နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သင်တန်းနည်းပြများ၊ သင်တန်းသားဆရာ/ မများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။