← Home
GAD news 12 Oct, 2026

ကျိုင်းတုံမြို့နယ်၊ အမှတ်(၁၁)တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၈ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ မြို့နယ်၊ အမှတ်(၁၁)တပ်မတော်တန်းမြင့်‌လေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၉)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်ဦးနှင့် အရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ၊ မြို့နယ်စီမံ ခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ တက်ရောက်ခဲ့ပြီး သင်တန်းသားများအား အားကစားပစ္စည်းများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ငွေ ၉,၇၀၀,၀၀၀ိ/- ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။