← Home
GAD news
13 Oct, 2026
မင်းဘူးမြို့၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန် မြင့်မားပြီး သောက်သုံးရေရှားပါးမှုမှကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူး ခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့၌ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားပြီး သောက်သုံးရေ ရှားပါးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အမှတ်(၁)ရပ်ကွက်ရှိ ဂါလံနှစ်သိန်းဆံ့ ရေစုကန်၌ ရေစုဆောင်းထားရှိမှုနှင့် မြို့ပေါ်(၄)ရပ်ကွက်သို့ ရေပေးဝေနေမှုအခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့နှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။