← Home
GAD news
21 Oct, 2026
မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မေခဝန်ထမ်းအိမ်ရာ RC ၄ ခန်းတွဲ ၄ ထပ် ဆောက်လုပ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် တောင်တန်းအင်ပါယာကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် မေခဝန်ထမ်းအိမ်ရာ RC ၄ ခန်းတွဲ ၄ ထပ် ဆောက်လုပ်နေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ခရိုင်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်စေရေးနှင့် သတ်မှတ်အချိန်အတွင်းပြီးစီးစေရေးတို့အား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။