← Home
GAD news 21 Oct, 2026

မြိတ်မြို့နယ်၊ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြိုအဖြစ် ကျင်းပပြုလုပ်သည့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်တို့နှင့်အတူ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းခဲ့သည့် ဝန်ထမ်း ၁၀ ဦးတို့အား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။