← Home
GAD news
21 Oct, 2026
လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းနှင့် လူထု အခြေပြုဗဟိုဌာန၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်လုပ်ငန်းနှင့် လူထုအခြေပြုဗဟိုဌာန၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာ ဌာနများမှတာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။