← Home
GAD news 22 Oct, 2026

ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်သည့် ဝါသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်း အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ နေ့လယ် ၁ နာရီ ၃၀ ချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ သင်းရတနာခန်းမ၌ ကျင်းပ ပြုလုပ်သည့် ချည်မျှင်ရှည်ဝါစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုက်ရိုက် ထုတ်ချေးသည့် ရန်ပုံငွေ(ဝါသီးနှံ)မှ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးချစ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဝါစိုက်တောင်သူများ စုစုပေါင်းအင်အား ၁၂၀ ဦးတို့ တက်ရောက်ခဲ့ပြီး ဆည်ကြီးကျေးရွာအုပ်စုနှင့် ကန်ဘဲ့ကျေးရွာအုပ်စုတို့ရှိ စုစုပေါင်း ၃၁၀ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ငွေကျပ် ၉၃၀ သိန်း ထုတ်ချေးပေးခဲ့ပါကြောင်းနှင့် ကျန်ရှိသော ကျေးရွာအုပ်စုများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။