← Home
GAD news 29 Oct, 2026

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် စည်ပင်သာယာရေးအဖွဲ့ အခြေခံဝန်ထမ်း ၁၃၂ ဦးအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် မြို့ပေါ်ရပ်ကွက် ၂၃ ရပ်ကွက် အတွက် မြက်ဖြတ်စက် ၄၈ လုံး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးအဖွဲ့ အခြေခံ ဝန်ထမ်း ၁၃၂ ဦးအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် မြို့ပေါ်ရပ်ကွက် ၂၃ ရပ်ကွက်အတွက် မြက်ဖြတ်စက် ၄၈ လုံး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်