← Home
GAD news 02 Nov, 2026

ထားဝယ်မြို့အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်၊ နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၏ (၃၈)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် တိုင်း ဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးတိုးဝင်း၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တိုင်း/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။