← Home
GAD news
30 Oct, 2026
တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီတော်၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်၊ နံနက် ၇ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း ခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီတော်၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတီတော်ကြီး၏ အနီးပရဝုဏ်သာယာ လှပစေရေး၊ ရင်ပြင်တော်ပေါ်တွင် သန့်ရှင်းသာယာစေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအရာထမ်း/ အမှုထမ်းဝန်ထမ်း များမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။