← Home
GAD news
30 Oct, 2026
ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သော ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြင်ဦးလွင်တပ်နယ်၊ အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ တပ်ဖွဲ့ဝင်တက္ကသိုလ်ကျောင်းသား/ သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား ၃၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။