← Home
GAD news 03 Nov, 2026

ချောက်မြို့၊ အမှတ်(၉)ရပ်ကွက်၊ မြို့မဈေးတွင် အယ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက် မြို့နယ်၊ ချောက်မြို့၊ အမှတ်(၉)ရပ်ကွက်၊ မြို့မဈေးတွင် အယ်နီညိုကာလတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြိမ်းသတ်နိုင်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်နေမှုအခြေအနေများ၊ ရေစုကန်များစစ်ဆေးခြင်းနှင့် ဒိုင်းရှင်းမီးသတ်စက်များ ကြံ့ခိုင်မှုရှိ/မရှိအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအသင်းဝင်များနှင့်အတူကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။