← Home
GAD news
03 Nov, 2026
မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ မော်လမြိုင် တက္ကသိုလ်ကျောင်း၌ ဝန်ထမ်းနှင့် မိသားစုဝင်များ၊ ကျောင်းသား/ သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေးနေမှုအခြေအနေအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်၊ နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ မော်လမြိုင်တက္ကသိုလ်ကျောင်း၌ ဝန်ထမ်းနှင့် မိသားစုဝင်များ၊ ကျောင်းသား/ သူများ သက်သာချောင်ချိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာ ရောင်းချ ပေးနေမှုအခြေအနေအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့မှ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။