← Home
GAD news
04 Nov, 2026
ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်(ဇုန်အမှတ်-၂)၌ ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် စိန်သုံးလုံး ကျောက်အမှုန့်ကြိတ်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ နံနက် ၇ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ဘားအံစက်မှုဇုန်(ဇုန်အမှတ်-၂)၊ အကွက်အမှတ်(၁၉၁)၌ ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက် ကရင် ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် စိန်သုံးလုံး ကျောက်အမှုန့်ကြိတ်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား ၃၀၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။