← Home
GAD news
04 Nov, 2026
မွန်ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့်“အသက်(၉) လမှ (၅၉) လ အရွယ်ကလေးငယ်များအား ဝက်သက် - ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း” စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ နံနက် ၉ နာရီတွင် မွန်ပြည်နယ်ခန်းမ၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့်“အသက်(၉) လမှ (၅၉) လ အရွယ်ကလေးငယ်များအား ဝက်သက် - ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း” စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိဘအုပ်ထိန်းသူများနှင့် ကလေးငယ်များ စုစုပေါင်းအင်အား ၂၆၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။