← Home
GAD news
04 Nov, 2026
လွိုင်လင်မြို့နယ်၊ ပင်လုံအရှေ့ကျေးရွာအုပ်စုရှိ တောင်သူ ဦးဆန်ကောင်း၏ စပါးစိုက်ခင်း၌ SR 456 (ရွှေရင်အေး) စပါးအမျိုးအစား စံပြကွက်ရိတ်သိမ်းနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၇)၊ ဝမ်အင်တောင်ကွင်း၊ ဦးပိုင်အမှတ်(၁)၊ မြေကွက်အမှတ်(၆၃)၊ တောင်သူ ဦးဆန်ကောင်း၏ စပါးစိုက်ဧက(၂.၅၃)ဧက၌ SR 456 (ရွှေရင်အေး) စပါးအမျိုးအစား စံပြကွက်ရိတ်သိမ်းနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။