← Home
GAD news 05 Nov, 2026

မင်းဘူးမြို့နယ်၊ မင်းဘူးမြို့၊ ပြည်သူ့ဆေးရုံ၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူးမြို့၊ ပြည်သူ့ဆေးရုံ၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အတူ တက်ရောက်ခဲ့ပြီး သွေးလှူဒါန်းသည့် ဝန်ထမ်းများအား အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။