← Home
GAD news 06 Nov, 2026

ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဘုရားခန်း၌ (၃၈)နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆရာ‌တော်/ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်းအခမ်းအနား

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၊ နံနက် ၆ နာရီတွင် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှိ ဘုရားခန်း၌ (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အဖြစ် ဆရာ‌တော်/ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်ခြင်းအခမ်းအနားသို့ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ စုစုပေါင်းအင်အား ၄၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။