← Home
GAD news
06 Nov, 2026
လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်၊ ယုဇနလမ်းနှင့် ဒေါနိုးကူးရပ်ကွက်၊ တောင်ထိပ်ပန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်နေသည့် မင်္ဂလာရပ်ကွက်၊ ယုဇနလမ်းနှင့် ဒေါနိုးကူးရပ်ကွက်၊ တောင်ထိပ်ပန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။