← Home
GAD news 10 Nov, 2026

ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်း (၂၀၂၆) စတင်ဆောင်ရွက်ခြင်းနှင့် အသိပေးဆွေးနွေးခြင်းအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်သည့် နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်း လုပ်ငန်း(၂၀၂၆) စတင်ဆောင်ရွက်ခြင်းနှင့် အသိပေးဆွေးနွေးခြင်းအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာမြင့်မိုရ်စိုး၊ ခရိုင်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်၊ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်တို့မှ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကာကွယ်ဆေးထိုးနှံမည့်ကလေးငယ်များ စုစုပေါင်းအင်အား ၂၅၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။