← Home
GAD news 10 Nov, 2026

လွိုင်ကော်မြို့နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်ရှိ မိုးကောင်း ဘုရားကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် အင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်၊ နံနက် ၉ နာရီတွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော် မြို့နယ်၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်ရှိ မိုးကောင်းဘုရားကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် အင်းအမျိုးသားနေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။