← Home
GAD news 13 Nov, 2026

အမရပူရမြို့နယ်၊ လေးစုရပ်ကွက်၊ အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်း၌ အာကာသဆိုင်ရာပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပနေမှုအခြေအနေအား ကြည့်ရှုအားပေး

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်၊ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသား/ သူများ၏ အာကာသဆိုင်ရာပန်းချီ၊ကာတွန်း၊ ပိုစတာပြိုင်ပွဲကျင်းပနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ဆရာ/ မများ နှင့်အတူ မူလတန်းအဆင့် ၂၇၄ ဦး၊ အလယ်တန်းအဆင့် ၁၅၉ ဦးနှင့် အထက်တန်းအဆင့် ၆၀ ဦး စုစုပေါင်းပြိုင်ပွဲဝင် ၄၉၃ ဦးတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။