← Home
GAD news
13 Nov, 2026
ကြာအင်းဆိပ်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ ကွင်းအမှတ်(၇)၌ ကျင်းပပြုလုပ်သည့် “အောင်နိုင်တိုး” မိုးစပါးအထွက်နှုန်းတိုးတက်ရေး နည်းပညာပေး စံပြကွက်ရိတ်သိမ်းခြင်းအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ ကွင်းအမှတ်(၇)၊ ကြာအင်းလေးကွင်း၊ ဦးပိုင်အမှတ်(၂၁/၁)၊ မြေဧရိယာ ၅ ဧကပေါ်တွင် ကျင်းပပြုလုပ်သည့် တောင်သူ ဦးအုန်းမောင် စိုက်ပျိုး ထားရှိသည့် “အောင်နိုင်တိုး” မိုးစပါးအထွက်နှုန်းတိုးတက်ရေးနည်းပညာပေး စံပြကွက်ရိတ်သိမ်းခြင်း အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။