← Home
GAD news
13 Nov, 2026
မော်လမြိုင်မြို့နယ်၊ မော်လမြိုင်မြို့၊ ကော့လှာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၆၂)ရှိ တောင်သူ ဦးတင်လှ၏လယ်မြေ၌ ကျင်းပပြုလုပ်သည့် RS-CS ဆင်းသုခမျိုးစေ့ထုတ် စိုက်ခင်းအား သဘာဝမြေဩဇာကြဲပက်ခြင်း သရုပ်ပြအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင် မြို့နယ်၊ မော်လမြိုင်မြို့၊ ကော့လှာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၃၆၂)ရှိ တောင်သူ ဦးတင်လှ၏လယ်မြေ၌ ကျင်းပပြုလုပ်သည့် RS-CS ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်းအား သဘာဝမြေဩဇာကြဲပက်ခြင်း သရုပ်ပြ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။