← Home
GAD news 18 Nov, 2026

မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲအခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ ခရိုင်၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဝေဝေဖြိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ စုစုပေါင်းအင်အား ၂၂၀ ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။