← Home
GAD news
18 Nov, 2026
ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းအောင်၏ လယ်မြေ၌ ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဒုတိယသီးနှံသီးထပ်စိုက်ပျိုးရန် နေကြာနှင့် ဆီပဲပုပ်မျိုးစေ့များ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊ နံနက် ၇ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်၊ ကျုံစိန်ကျေးရွာအုပ်စုရှိ တောင်သူ ဦးထွန်းအောင်၏ လယ်မြေ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် ဒုတိယသီးနှံသီးထပ်စိုက်ပျိုးရန် နေကြာနှင့် ဆီပဲပုပ်မျိုးစေ့များ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။