← Home
GAD news
26 Nov, 2026
ရေးမြို့နယ်၊ ရေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ပင်စင်လစာများထုတ်ပေးခြင်းနှင့် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးနေမှုအခြေအနေအား ကြည့်ရှုအားပေး
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ ရေးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ပင်စင်လစာများထုတ်ပေးခြင်းနှင့် သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချပေးနေမှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး သူရရန်နိုင်ဦးသည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနတာဝန်ရှိသူ များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။