← Home
အခမ်းအနားများ 03 Mar, 2026

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ အမှတ် (၈၅) ခြေလျင်တပ်ရင်း၊ စစ်ရေးပြကွင်း၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (ပလကဖ) များအား ထောက်ပံ့ပေးအပ်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

News Photo News Photo
၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်၊ နံနက် ၉ နာရီ ၂၅ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ အမှတ်(၈၅) ခြေလျင်တပ်ရင်း၊ စစ်ရေးပြကွင်း၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(ပလကဖ)များအား ထောက်ပံ့ပေးအပ်တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်စစ်ဦးစီးချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုတိယရဲချုပ်(၁) ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ အထူးစစ်နည်းဗျူဟာစွမ်းရည်မြှင့်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆)တက်ရောက်နေသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သင်တန်းသား ၁၅၀ ဦး စုစုပေါင်းအင်အား ၁၇၀ ဦး တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်မှ အမှာစကားပြောကြားခဲ့ကာ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ ၁၅၀ ဦးတို့ အတွက် တစ်ဦးလျှင် ကြက်ဥ(၁၀) လုံး၊ ခေါက်ဆွဲခြောက် (၁၀)ထုပ်၊ စုစုပေါင်း ကြက်ဥ(၁၅၀၀)လုံး၊ ခေါက်ဆွဲခြောက်(၁၅၀၀)ထုပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။