← Home
အခမ်းအနားများ
19 Mar, 2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သော အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉ ရက်၊ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သော အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ခရိုင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်မှ လုပ်ငန်းရှင်များ၊ ရပ်မိ/ ရပ်ဖများ၊ စုစုပေါင်း အင်အား ၂၁၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။