← Home
အခမ်းအနားများ
20 Mar, 2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုရှိ လှာကမြင်(ကွက်သစ်) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC ၁ ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်၊ နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုရှိ လှာကမြင်(ကွက်သစ်)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် RCC ၁ ထပ် (၁၅၀×၃၀)ပေ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။